zarnimyo
My crazy my escape my poem my relatives from my heart
[ Tell your friends ]
[ Tell your friends ]

Rain


မိုးရေစီးချင်း
မိုးရေစက်တွေမြင်ရင် ငိုချင်လာသလိုလို
အတိတ်ဘက်ခဏ ပြန်ရောက်သွားသလိုလို
ရင်ပြင်တစ်ခုလုံး မိုးစက်အသံတွေပဲကြားနေသလိုလို
ရနံတစ်ခု နွေးထွေးသွားသလိုလို
ကန်ရေပြင်တစ်ခု လှုပ်ခပ်သွားသိလိုလို
မျက်ဝန်းလေးတစ်ခု စိတ်ဆိုးသွားသလိုလို
ကလေးတစ်ယောက်လို ထွက်ပြေးသွားခဲ့သလိုလို
တိုက်ကားတစ်စီးကို ခလုတ်တိုက်မိသလိုလို
ဝိုင်နီတစ်ခွက် တစ်ဝက်ကျန်ခဲ့သလိုလို
ညနေခင်းတစ်ခု အိမ်ပြန်လာသလိုလို
ထွက်မသွားခဲ့ဖို့ စိုက်ကြည့်နေသလိုလို
နှစ်ယောက်တကမ္ဘာထဲရောက်သွားခဲ့သလိုလို
သံဇဉ်တွေ ကခုန်သွးသလိုလို
…………………….
…….နေ့ရက်တွေ ခမ်းခြောက်သွားသလိုလို
ယုန်သွားလေးတစ်စုံကို ငါစိုက်ကြည့်သလိုလိုနဲ့
ငါဖြူစင်ခဲ့သလိုလို………..
နောက်ဆုံးမှာ တံခါးကို မပိတ်ပဲ နှုတ်ဆက်ခဲ့သလိုလို
မိုးရေစက်တွေုမြင်ရင် ပိုလွမ်းမိသလိုလို……။ ။

မိုးတွေရွှာရင် အရမ်းပဲ ပျော်တာ။
ငယ်ငယ်က ဆို မိုးရေထဲမှာ ပြေးကစားကြတာလေ
ကြီးလာတော့လည်း ထီးလေးအောက်မှာ လေ
ရင်ခုန်သံနွေးနွေးနဲ့ အငွေ့သက်လေးတွေပေါ့
ပြန်အမှတ်ရတယ်ဗျာ။
မိုးအေးအေးနဲ့ကော်ဖီသောက်ရတာလဲ ဆွေးဖို့ကောင်းတယ်လေ။ ။