zarnimyo
My crazy my escape my poem my relatives from my heart |
|
|
awating! Posted on 2009-07-05 01:31:23 | Comments (0) မျှော်တော်ယောင် @ခဏလေးရယ်တဲ့…. နင်ထွက်သွားတာ ငါ့မျက်ဝန်းတွေတော့ အသံတိတ် အမြန်ပြန်လာခဲ့ပါနော်။ @သတိတရပါပဲ စက္ကန့်တွေနဲ့ အပြိုင် တာလီတွေ ချိုးရင်းပေါ့ အိမ်ပြန်လမ်းတွေ ကိုမျှော်တယ်။ @အမှတ်တရပါပဲ အတူရှိခဲ့ဖူးတဲ့ ပွဲတော်ညတွေရောက်တိုင်း အထီးကျန်စွာနဲ့ ထပ်ရောက်လာဦးမလား အလွမ်းတွေက ကမောက်ကမ။ @မပြုံးနိုင်တော့ပါဘူး နေ့သစ်တွေ နှုတ်ဆက်နေတာ အမှတ်တရတွေ သာစားသုံးရင်း ငါဆုတောင်းတယ်……. `ပြန်လာခဲ့ပါတော့´…. လွမ်းနေတုန်းလေး ငိုပါရစေ…။ ။ alone Posted on 2009-07-05 01:25:40 | Comments (0) မေ့ချင်ယောင်ဆောင်သွားတဲ့တိမ်တိုက် သစ်ရွက်ခြောက် တစ်ရွက်လို စိတ်ဓါတ်တွေ ခုန်ဆင်းတော့မယ် အသိတရားတွေ တစ်စစီနဲ့ တစ်စုံတစ်ရာကို မျှော်နေမိတယ် အလည်ရောက်လာတဲ့ အချစ်တွေကို အိမ်အရောက် ပြန်ပို့ချင်ခဲ့တာ အားတော့နာမိပါရဲ့ နောက်ဆုံးရထားက ထွက်သွားပြီးလေ သူနဲ့အတူတူ နွေးထွေးမှုတွေ ဂရုစိုက်မှု မြတ်နိးမှုတွေတစ်ခါတည်း အလှမ်းဝေးသွားတဲ့ နေ့ရက်တိုင်းကို ဘူတာအိုလေးလို အလွမ်းတွေနဲ့ အခုပဲ ငိုတော့မယ် တိမ်ညိုတွေရယ် အတ္တတွေက တစ်ကိုယ်ကောင်းဆန်သွားတာ ပစ်ပယ်ခဲ့မဲ့တူတူ အချစ်တွေကို တစ်ခါတည်း ခေါ်သွားလှည့်ပါလား ဒါပေမယ့်လည်း လွမ်းနေမိဦးမှာပဲလေ……။ ။ Rain Posted on 2009-07-05 01:05:35 | Comments (0) မိုးရေစီးချင်း(၂) * နွေအနှောင်းနောက်ကနေ တစ်စက်ပြီးတစ်စက် ဘယ်နှစ်စက်မြောက်ခြေရာလဲ ထပ်ဆုံပြန်ပြီ မိုးရာသီ........။ *မိုးစက်တွေသာ ကခုန်နေတာ ဒဏ်ရာက ပျောက်မသွားဘူး ရှင်သန်စေခဲ့တဲံ့ အပွင့်ဖူးတစ်ချို့ တဖြုတ်ဖြုတ်ပြန်ကြွေ။ *ဘယ်တော့များတန်မလဲ အချိန်ရယ် အတိတ်ဆိုတာ မေ့ကောင်းတဲ့အရာ မဟုတ်ဘူး နွေးထွေးမှု ကိုရူးသွပ်ဖူးတာပဲ နာကျင်လာရင် ဘယ်မှာခိုလှိုရမလဲ မိုးငိုရင် ပိုလွမ်းတယ် ရာသီအသစ်နဲ့ အပွင့်ဖူးတွေကို ငါစောင့်နေခဲ့တယ် ပြန်ခဲ့ပါတော့ မိုး...။ ။ ဇာနည်မျိုး escape Posted on 2009-07-04 02:17:35 | Comments (2) နှလုံးသားကို ရှာဖွေတွေ့ရှိခြင်း
အချစ်မရှိတဲ့ ငါ
တိတ်ဆိတ်လွန်းတဲ့ အိပ်မက်တွေနဲ့
မေ့ချင်ယောင်ဆောင်နေခဲ့တာ ကြာလှပေါ့ ။
ရင်ခုန်စရာနွေးထွေးမှု
နူးညံ့တဲ့ စိတ်ကူးတွေပျောက်ရှ
မမြင်ချင်ယောင်ဆောင်ခဲ့တာလည်း ကြာလှပေါ့..........။
ရူးသွပ်မှုတွေ ခေတ်ပျက်
်တပ်မက်မှုတွေ ချန်ခဲ့
တည်ငြိမ်ချင်ယောင်ဆောင်ခဲ့တာလည်းကြာလှပေါ့ ။
ညနေခင်းလေးရဲ့ တစ်နေရာ
အမှတ်တမဲ့ဆိုပေမယ့်
အမှတ်တရလေးပါပဲ
တစ်လောကလုံး လှပ
ငါ့ကမ္ဘာလေး လည်းနိုးထ
ရင်ခုန်သံတွေ တက်ကြွ နဲ့
မသိချင်ယောင်ဆောင်ခဲ့ပါသေးတယ်
်ဒါပေမယ့်လေ...........
ငါကြည်နူုးခဲ့ရတယ်.........။ ။
အိမ်အပြန် Posted on 2009-07-04 02:17:09 | Comments (0) အိမ်အပြန် လွမ်းတတ်လို့စောစောပြန်ခဲ့တာပါမေ့လို့မရတဲ့မင်းအငွေ့ အသက်တွေကိုမြင်နေတုန်းမို့ ငါ့မျက်လုံးကိုနင်ဖတ်တတ်ခဲ့ရင်တော့ ငါကျေနပ်လောက်ပါတယ် .......... မင်းမရှိတဲ့အလွမ်းတွေနားမှာမင်းမသိတဲ့အနမ်းတွေနဲ့ ငါအိပ်မက်တွေဖျားနေခဲ့တာလေ......... မင်းကမထူးဆန်းသလိုနေခဲ့တော့ငါတစ်ယောက်တည်းရူးနှမ်း အလွမ်းတွေနဲ့အတူစောစောပြန်ခဲ့တာ ပျော်သလိုနေခဲ့တော့ နင်မလွမ်းလောက်ပါဘူး .......... |
|