zarnimyo
My crazy my escape my poem my relatives from my heart |
|
|
Rain Posted on 2009-07-05 01:05:35 | Comments (0) မိုးရေစီးချင်း(၂) * နွေအနှောင်းနောက်ကနေ တစ်စက်ပြီးတစ်စက် ဘယ်နှစ်စက်မြောက်ခြေရာလဲ ထပ်ဆုံပြန်ပြီ မိုးရာသီ........။ *မိုးစက်တွေသာ ကခုန်နေတာ ဒဏ်ရာက ပျောက်မသွားဘူး ရှင်သန်စေခဲ့တဲံ့ အပွင့်ဖူးတစ်ချို့ တဖြုတ်ဖြုတ်ပြန်ကြွေ။ *ဘယ်တော့များတန်မလဲ အချိန်ရယ် အတိတ်ဆိုတာ မေ့ကောင်းတဲ့အရာ မဟုတ်ဘူး နွေးထွေးမှု ကိုရူးသွပ်ဖူးတာပဲ နာကျင်လာရင် ဘယ်မှာခိုလှိုရမလဲ မိုးငိုရင် ပိုလွမ်းတယ် ရာသီအသစ်နဲ့ အပွင့်ဖူးတွေကို ငါစောင့်နေခဲ့တယ် ပြန်ခဲ့ပါတော့ မိုး...။ ။ ဇာနည်မျိုး |
|