zarnimyo
My crazy my escape my poem my relatives from my heart
[ Tell your friends ]
[ Tell your friends ]

alone


မေ့ချင်ယောင်ဆောင်သွားတဲ့တိမ်တိုက်

သစ်ရွက်ခြောက် တစ်ရွက်လို
စိတ်ဓါတ်တွေ ခုန်ဆင်းတော့မယ်
အသိတရားတွေ တစ်စစီနဲ့
တစ်စုံတစ်ရာကို မျှော်နေမိတယ်
အလည်ရောက်လာတဲ့ အချစ်တွေကို
အိမ်အရောက် ပြန်ပို့ချင်ခဲ့တာ
အားတော့နာမိပါရဲ့
နောက်ဆုံးရထားက ထွက်သွားပြီးလေ
သူနဲ့အတူတူ နွေးထွေးမှုတွေ
ဂရုစိုက်မှု မြတ်နိးမှုတွေတစ်ခါတည်း
အလှမ်းဝေးသွားတဲ့ နေ့ရက်တိုင်းကို
ဘူတာအိုလေးလို အလွမ်းတွေနဲ့
အခုပဲ ငိုတော့မယ် တိမ်ညိုတွေရယ်
အတ္တတွေက တစ်ကိုယ်ကောင်းဆန်သွားတာ
ပစ်ပယ်ခဲ့မဲ့တူတူ
အချစ်တွေကို
တစ်ခါတည်း ခေါ်သွားလှည့်ပါလား
ဒါပေမယ့်လည်း လွမ်းနေမိဦးမှာပဲလေ……။ ။



Leave your comment
Name:
Email:
Website:
Security Code: Enter Here: