zarnimyo
My crazy my escape my poem my relatives from my heart
[ Tell your friends ]
[ Tell your friends ]

awating!


မျှော်တော်ယောင်

@ခဏလေးရယ်တဲ့….
နင်ထွက်သွားတာ
ငါ့မျက်ဝန်းတွေတော့ အသံတိတ်
အမြန်ပြန်လာခဲ့ပါနော်။

@သတိတရပါပဲ
စက္ကန့်တွေနဲ့ အပြိုင်
တာလီတွေ ချိုးရင်းပေါ့
အိမ်ပြန်လမ်းတွေ ကိုမျှော်တယ်။

@အမှတ်တရပါပဲ
အတူရှိခဲ့ဖူးတဲ့ ပွဲတော်ညတွေရောက်တိုင်း
အထီးကျန်စွာနဲ့
ထပ်ရောက်လာဦးမလား
အလွမ်းတွေက ကမောက်ကမ။

@မပြုံးနိုင်တော့ပါဘူး
နေ့သစ်တွေ နှုတ်ဆက်နေတာ
အမှတ်တရတွေ သာစားသုံးရင်း
ငါဆုတောင်းတယ်…….
`ပြန်လာခဲ့ပါတော့´….
လွမ်းနေတုန်းလေး ငိုပါရစေ…။ ။

Leave your comment
Name:
Email:
Website:
Security Code: Enter Here: